မြန်မာ ဆိုရိုးစကား တစ်ခုရှိသည်။ “ရေမြင့်မှ ကြာတင့်သည်” တဲ့။ အဓိပ္ပာယ်ကတော့ အားလုံးသိကြမည်ဟု ထင်ပါသည်။
ကြာပန်းဆိုသော ပန်းမျိုးမှာ များသောအားဖြင့် ရေမျက်နှာပြင်ထက်တွင် ပေါက်ရောက်ကြရသည်။ ထို့အတွက်ကြောင့် ကြာပန်းတို့၏ သဘောမှာ မိမိပေါက်ရောက်သော ရေကန်၏ ရေမျက်နှာပြင် မြင့်တက်လာလျှင် ကြာပန်းလည်း လိုက်၍ မြင့်တက်မည်ဖြစ်သလို ၊ ရေမျက်နှာပြင် နိမ့်ကျသွားလျှင် ကြာပန်းလည်း လိုက်၍ နိမ့်ကျသွားမည်မှာ ဓမ္မတာပင် ဖြစ်သည်။
အဆိုပါ သဘောတရားကို ယခု လက်ရှိ ဘောလုံးလောကတွင် အောင်မြင်နေသော (သို့မဟုတ်) ကျရှုံးနေသော ဘောလုံးသမားများနှင့် နှိုင်းယှဉ်ကြည့်မိသည်။
ဘောလုံးလောကတွင် ဘောလုံးသမားများမှာ မိမိ သွားရောက် ကစားရန် ရွေးချယ်ခဲ့သော အသင်းတို့၏ အနေအထားကိုလိုက်၍ ကစားသမားဘ၀တွင် အောင်မြင်မှု (သို့မဟုတ်) ကျရှုံးမှု များဖြစ်ပေါ်လာတတ်သည်။ ကစားသမား တစ်ဦးအတွက် မိမိ သွားရောက် ကစားရန် ရွေးချယ်ခဲ့သော အသင်း၏ အနေအထား ၊ အောင်မြင်မှု မှတ်တမ်းများကြောင့် နာမည်ကျော်ကြားနိုင်သလို ကံမကောင်း အကြောင်းမလှစွာဖြင့် မိမိ ရွေးချယ်ခဲ့သော အသင်းမှာ ကျရှုံးမှုများနှင့် ဆုံတွေ့နေရပါက ထိုကစားသမားအတွက် နာမည်မှေးမှိန် လာမည်မှာ အသေအချာပင်ဖြစ်သည်။
အက်ရှ်လေယန်း (သို့မဟုတ်) ရေမြင့်၍ ကြာတင်ခဲ့ရသူ………………. ။
အက်ရှ်လေယန်း ဆိုသော ကစားသမားမှာ ယမန်နှစ် ဘောလုံးရာသီလောက်က ဗီလာ အသင်းနှင့် အတူ ကျော်ကြားလာခဲ့ပြီး အသင်းနှင့်အတူ ခြေစွမ်းပြနိုင်သည့် အချိန်မှာ မကြာလှသေး။ ထို့ပြင် ဗီလာ အသင်းတွင်လည်း အသင်းဖော် တစ်နိုင်ငံထဲသား စတီးဝပ်ဒေါင်းနင်း လောက် ပင် မကျော်ကြားခဲ့သော ဘောလုံးသမားတစ်ဦးဖြစ်သည်။ ထိုအချိန်က အက်စ်တွန်ဗီလာ အသင်းတွင် ဒေါင်းနင်း၊ အဘွန်လဟော် စသော ကစားသမားများ ကျော်ကြားနေခဲ့ပြီး အက်ရှ်လေယန်းမှာ ထိုကစားသမားများ၏ လောင်းရိပ်အောက်တွင်သာရှိနေခဲ့ရပြီး အသင်း၏ မရှိမဖြစ် ကစားသမားမျိုးလည်း မဟုတ်ခဲ့ပေ။ နိုင်ငံ့လက်ရွေးစင် အသင်းတွင်လည်း ကလပ် အသင်းကစားဖော် ဒေါင်းနင်း ကို မကျော်နိုင်ပဲ လက်ရွေးစင် ဖြစ်ရန်ပင် ရုန်းကန်နေခဲ့ရသည်။
သို့သော် ယခုနှစ် နွေရာသီ အပြောင်းအရွေ့အပြီးတွင် အရာရာ အကုန်ပြောင်းလဲသွားခဲ့သည်။ အက်စ်တွန်ဗီလာ အသင်းကစားသမားများဖြစ်သော ဒေါင်းနင်း နှင့် အက်ရှ်လေယန်းတို့မှာ ဗီလာ အသင်းမှ ထွက်ခွာသွားကြသည်။ ဒေါင်းနင်းမှာ လီဗာပူး အသင်းကို ရောက်ရှိသွားသလို ၊ အက်ရှ်လေယန်းမှာ မန်ယူ အသင်းသို့ ပြောင်းရွေ့သွားခဲ့သည်။
ထိုအချိန်မှ စ၍ အစစ အရာရာ ပြောင်းလဲကုန်သည်။ ဗီလာ အသင်းတွင် Star Player တစ်ဦးဖြစ်ခဲ့သော ဒေါင်းနင်းမှာ လီဗာပူး အသင်းသို့ ရောက်ရှိခဲ့ပြီးနောက် ယခုထက်ထိတိုင် ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ပဲ သာမန်အောက် ခြေစွမ်းမျိုးနှင့်သာ အသင်းတွင် ရုန်းကန်နေခဲ့ရသည်။ ဗီလာ အသင်းတွင် ပရိသတ်များ၏ အသည်းကျော် ဖြစ်ခဲ့သော ဒေါင်းနင်းမှာ လီဗာပူး အသင်းကစားသမားဘ၀တွင် လီဗာပူး ပရိသတ်များမှ သူ၏ ခြေစွမ်း အပေါ် အပြင်းအထန် ဝေဖန်မှုများ ပြုလုပ်ခြင်းကိုပင် ခံခဲ့ရသည်။ထို့ပြင် လီဗာပူး အသင်းအနေဖြင့် ဒေါင်းနင်း၏ ခြေစွမ်းကို သေချာစွာ မစောင့်ကြည့်ပဲ နာမည်ကျော်ကြားမှု တစ်ခုထဲနှင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည် ဟုပင် ပြောဆိုမှုများ ရှိလာခဲ့သည်။
ဗီလာ အသင်းတွင် သာမန် ကစားသမာတစ်ဦး အဖြစ်သာ ရှိခဲ့သော အက်ရှ်လေယန်းမှာ မန်ယူ အသင်းသို့ ရောက်ရှိခဲ့ပြီးနောက် အသင်းနှင့် ပွဲဦးထွက် ပွဲများတွင် ခြေစွမ်းပြသနိုင်ခဲ့ကာ အသင်းအတွက် အရေးပါသော ဂိုးများ ၊ ကစားဖော်များ ဂိုးသွင်းယူနိုင်ရန် ဖန်တီးပေးမှုများ အကြိမ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ကာ အသင်းအတွက် အရေးပါသော ကစားသမားတစ်ဦး အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ နိုင်ငံလက်ရွေးစင် အသင်းတွင်လည်း အရေးပါသော ကစားသမားအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ဗီလာ အသင်းတွင် ပရိသတ်များ၏ လျစ်လျူရှုခြင်းကို ခံခဲ့ရသော အက်ရှ်လေယန်းမှာ မန်ယူ အသင်းပရိသတ်များ၏ တစ်ခဲနက် အားပေးခြင်းကို ခံခဲ့ရသည်။ ဘောလုံးရာသီ အလယ်ပိုင်းလောက်တွင် ဒဏ်ရာရရှိသွားခဲ့သော်လည်း ဒဏ်ရာမှ ပြန်လည် သက်သာလာပြီးနောက် မန်ယူ အသင်းအတွက် ကစားပေးခဲ့သော ပွဲများတွင် ခြေစွမ်းပြကစားနိုင်ခဲ့ကာ နောက်ဆုံးကစားသွားခဲ့သော အေဂျက်အသင်းနှင့် ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ်တွင် အသင်းအတွက် အရေးပါသော အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြန်သည်။
အက်ရှ်လေယန်း၏ အတ္ထုပတ္တိ
အက်ရှ်လေယန်း ကို ၁၉၈၅ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဘောလုံးသမား ဘ၀ကို ၀က်ဖို့ဒ် အသင်းတွင် စတင်ခဲ့ပြီး ၀က်ဖို့ဒ် ဘောလုံး အကယ်ဒမီမှ ထွက်ပေါ်လာသော လူငယ် ကစားသမား တစ်ဦးလည်းဖြစ်သည်။ အသက် ၁၈ နှစ် အရွယ်တွင် ချန်ပီယံရှစ် ကလပ် ဖြစ်သော ၀က်ဖို့ဒ် အသင်းနှင့်အတူ စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ပထမဆုံး ၀င်ကစားခဲ့သော ၂၀၀၃ ခုနှစ် စက်တင်ဘာလက ကစားခဲ့သော မီဝေါလ် အသင်းနှင့် ပွဲစဉ်တွင် လူစားဝင်လာခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကို ပွဲဦးထွက် ပွဲစဉ်မှာပင် သွင်းယူပေးနိုင်ခဲ့သည်။ အဆိုပါ ၀၃-၀၄ ဘောလုံးရာသီတွင် အသင်းအတွက် ၅ ပွဲခန့် လူစားဝင် ကစားခဲ့ရပြီး ၃ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သည်။
နောက်နှစ် ၂၀၀၄-၀၅ ဘောလုံးရာသီတွင် ယန်း မှာ ၀က်ဖို့ဒ် အသင်း၏ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ အဆိုပါနှစ်တွင် ၀က်ဖို့ဒ် အသင်းအတွက် ၃၄ ပွဲ ၀င်ရောက် ကစားသွားခဲ့ပြီး ရာသီ အကုန်တွင် ၀က်ဖို့ဒ် အသင်း၏ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့သည်။ ၂၀၀၅-၀၆ ဘောလုံးရာသီတွင် ၀က်ဖို့ဒ် အသင်းမှာ ချန်ပီယံရှစ် မှ ပရီးမီးယားလိဂ်သို့ တန်းတက်လာခဲ့ပြီး ယန်းမှာလည်း ပရီးမီးယားလိဂ်တွင် ကျော်ကြားလာခဲ့သည်။
၂၀၀၇ ခုနှစ် ဇန်န၀ါရီ အပြောင်းအရွေ့တွင် ၀က်ဖို့ဒ် အသင်းတွင် ခြေစွမ်းပြနေသော အက်ရှ်လေယန်းကို အက်စတွန်ဗီလာ အသင်းက ပြောင်းရွေ့ကြေး ပေါင် ၈ သန်းဖြင့် ခေါ်ယူခဲ့ပြီး ထိုအချိန်က အက်စတွန်ဗီလာ အသင်း၏ စံချိန်တင် ပြောင်းရွေ့ကြေးလည်း ဖြစ်ခဲ့သည်။
ဗီလာ အသင်းတွင် ၄ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ တွင် အင်္ဂလန် နိုင်ငံ၏ အအောင်မြင်ဆုံး ဘောလုံး အသင်းတစ်သင်းဖြစ်သော မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပေါင် ၁၈ သန်းဖြင့် ပြောင်းရွေ့သွားခဲ့သည်။
မန်ယူ အသင်းနှင့်အတူ ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် ၀က်စ်ဘရွန်း အသင်းအား အဝေးကွင်းတွင် ၂-၁ ဖြင့် အနိုင်ရရှိသော ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီး ထိုပွဲ၏ အကောင်းဆုံး ဘောလုံးသမား ဆုကိုလည်း ရရှိခဲ့သည်။ အဆိုပါ ပွဲတွင် ယန်းမှာ တိုက်စစ်မှူး ရွန်းနီ အဖွင့်ဂိုး သွင်းယူနိုင်ရန် ဖန်တီးပေးနိုင်ခဲ့သလို သရေကျနေချိန် ပွဲပြီးရန် မိနစ်ပိုင်းလောက်သာ လိုတော့သည့် အချိန်တွင် အရေးပါသော အနိုင်ဂိုး ရရှိစေရန်(၀က်စ်ဘရွန်း အသင်း နောက်တန်း ကိုယ့်ဂိုးကိုယ် သွင်းယူ သွားမိစေရန်) စွမ်းဆောင်ပေးနိုင်ခဲ့သည်။ှ
ယန်းမှာ မန်ယူ အသင်းနှင့် အတူ သူ၏ အဖွင့်ဂိုးကို အာဆင်နယ် အသင်းအား ၈-၂ ဖြင့် အနိုင်ရရှိသော ပွဲစဉ်တွင် သွင်းယူပေးခဲ့သည်။ ထိုပွဲတွင် ယန်းမှာ မန်ယူ အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူ အသင်းနှင့်အတူ ခြေစွမ်းပြနေနိုင်သော အက်ရှ်လေယန်းမှာ နိုဝင်ဘာလတွင် ဒဏ်ရာ ရရှိခဲ့သဖြင့် ကာလကြာရှည်စွာ အနားယူခဲ့ရပြီး ဖေဖော်ဝါရီလအတွင်း ကစားခဲ့သည့် ချယ်ဆီး အသင်းကို အဝေးကွင်းတွင် ၃-၃ ဖြင့် သရေကျခဲ့သော ပွဲစဉ်တွင် ပြန်လည် ကစားပေးနိုင်ခဲ့ပြီး ၊ အေဂျက် အသင်းနှင့် ယူရိုပါလိဂ် ပထမ အကျော့ အဝေးကွင်း ပွဲစဉ်တွင် အသင်းအတွက် အရေးပါသော အဖွင့်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့သည်။
အက်ရှ်လေယန်း၏ ကစားသမားဘ၀ စွမ်းဆောင်မှုများ
Club
|
Club |
Season |
League |
Cup |
League Cup |
Other[nb 1] |
Total |
|||||||||||||
|
Apps |
Goals |
Assists |
Apps |
Goals |
Assists |
Apps |
Goals |
Assists |
Apps |
Goals |
Assists |
Apps |
Goals |
Assists |
Apps |
Goals |
Assists |
||
|
5 |
3 |
0 |
0 |
0 |
0 |
1 |
0 |
0 |
– |
– |
6 |
3 |
0 |
||||||
|
34 |
0 |
1 |
0 |
0 |
0 |
4 |
0 |
0 |
– |
– |
38 |
0 |
1 |
||||||
|
39 |
13 |
13 |
1 |
1 |
0 |
0 |
0 |
0 |
– |
3 |
1 |
0 |
43 |
15 |
13 |
||||
|
20 |
3 |
3 |
1 |
0 |
0 |
2 |
1 |
2 |
– |
– |
23 |
4 |
5 |
||||||
|
Total |
98 |
19 |
17 |
2 |
1 |
0 |
7 |
1 |
2 |
– |
3 |
1 |
0 |
110 |
22 |
19 |
|||
|
13 |
2 |
3 |
0 |
0 |
0 |
0 |
0 |
0 |
– |
– |
13 |
2 |
3 |
||||||
|
37 |
8 |
17 |
1 |
0 |
0 |
1 |
0 |
0 |
– |
– |
39 |
8 |
17 |
||||||
|
36 |
8 |
9 |
3 |
0 |
1 |
1 |
0 |
0 |
8 |
2 |
2 |
– |
48 |
10 |
12 |
||||
|
37 |
5 |
10 |
6 |
2 |
3 |
5 |
2 |
4 |
2 |
0 |
0 |
– |
49 |
9 |
17 |
||||
|
34 |
7 |
11 |
2 |
0 |
1 |
3 |
2 |
2 |
1 |
0 |
0 |
– |
39 |
9 |
14 |
||||
|
Total |
157 |
30 |
50 |
12 |
2 |
5 |
10 |
4 |
6 |
11 |
2 |
2 |
– |
190 |
38 |
63 |
|||
|
14 |
2 |
5 |
0 |
0 |
0 |
0 |
0 |
0 |
5 |
2 |
0 |
1 |
0 |
1 |
19 |
4 |
6 |
||
|
Total |
14 |
2 |
5 |
0 |
0 |
0 |
0 |
0 |
0 |
5 |
2 |
0 |
1 |
0 |
1 |
19 |
4 |
6 |
|
|
Career total |
269 |
52 |
72 |
14 |
3 |
5 |
17 |
5 |
8 |
15 |
4 |
2 |
4 |
1 |
1 |
319 |
65 |
88 |
|
ထိုမှတ်တမ်းများကို လေ့လာလျှင် အက်ရှ်လေယန်းသည် ကစားသမားဘ၀တွင် ကစားခဲ့သော အသင်းတိုင်း၌ ခြေစွမ်းပြနိုင်ခဲ့သော ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး အောင်မြင်မှုများကို ယူဆောင်ပေးနိုင်သော ဘောလုံးသမား တစ်ဦးဖြစ်ပေရာ မန်ယူ အသင်းတွင်လည်း အောင်မြင်မှုများ ဆက်လက် ရယူသွားနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။ မန်ယူ အသင်း ဆိုသည်မှာလည်း အင်္ဂလန် ဘောလုံးလောကတွင် အအောင်မြင်ဆုံး ဘောလုံး အသင်းဖြစ်လေရာ မန်ယူ အသင်းသို့ ပြောင်းရွေ့ရန် ဆုံးဖြတ်ခဲ့သော အက်ရှ်လေယန်း အတွက် ကစားသမားဘ၀ တလျောက်လုံးတွင် အောင်မြင်မှုများနှင့် ဆက်တိုက်ကြုံတွေ့ရမည်မှာ အသေအချာပင် ဖြစ်ပေတော့သည်…………..။
http://www.youtube.com/watch?v=VMXunuPqZn4
Latest posts by lin htet aung (see all)
- အရှေ့ယွန်းက နေ၀န်းနီ - June 8, 2012
- ယူရို ၂၀၁၂ နှင့် ကျန်းမာရေး စောင့်ရှောက်မှု - June 3, 2012
- မြန်မာ မန်ချက်စတာ ဖန်ကလပ် MMFC မိသားစု မှ အလှူတော် မင်္ဂလာ - May 14, 2012




young အကြောင်းကို တော်တော်လေ့လာထားတဲ့ ပရိတ်သတ်ထင်တယ်။
သေသေချာချာလေး တင်ပြပေးသွားလို့ ကျေးဇူးတင်ပါတယ်။
ညှပ်သီး အားပေးသွားတယ်..
တော်တော်လေးကို စုံစုံလင်လင် လုပ်ထားတာပဲ..
ညှပ်သီး ကွန်မနစ်ပဲ ပို့စ် အများကြီးတင်နိုင်ပါစေ ဆုတောင်း
ဒါပေါ့ဗျာ.. ရော်နယ်လ်ဒိုလို မထင်မရှား ကောင်လေးတစ်ယောက်တောင် မန်ယူရောက်တော့ ကမ္ဘာ့အကောင်းဆုံးဖြစ်သွားသေးတာပဲ မဟုတ်လား… ကျေးကျေး လင်းညှပ်ရေ…
ယန်းကတော့ လန်းတယ် မန်ယူမှာ အောင်မြင်အုံးမယ်
ကရင်လင်းညှပ်ရေ နော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ ကျေးညီနောင်ပုံပြင်ကိုတောင် ပြန်သတိရတယ်ဗျာ… ဆက်လက်အောင်မြင်ပါစေ ယန်းရေ….
ဂန္တ၀င်တစ်ယောက် ဖြစ်ပါစေ ယန်းရေ
လင်းညှပ်လဲ ကျေးကျေး အာဘွား