မန်ယူသတင်း အပိုင်းအစများ ……..
ပေါ်တို တောင်ပံ ကစားသမား အား စိတ်ဝင်စားလာသည့် မန်ယူ
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပေါ်တို အသင်း၏ တောင်ပံကစားသမား ဖြစ်သူ ဂျိမ်း ရိုဒရီဂွက် အား ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း သိရသည်။အဆိုပါ အသက် ၂၀ အရွယ် ကိုလံ
ကစားသမားလေးသည် ပေါ်တို အသင်း၌ ၂၀၁၀ မှစတင်ကစားခဲ့သူဖြစ်ပြီး စုစုပေါင်း ၅၃ ပွဲကစားပြီး၁၆ ဂိုးထိသွင်းယူပေးထားနိုင်သည့် ကစားသမားလေးဖြစ်သည်။ ကြံခိုင်မှု အားကိုးပြီး လျှင်လျှင်မြန်မြန် ကစားတတ်သည့် သူ၏ ကစားဟန်သည် မန်ယူ အသင်း၏ လူးဝစ် အန်တိုနီယို ဗလင်စီယာ ၏ ကစားဟန်နှင့် တူညီ သည့်အတွက် ယူနိုက်တက် က ခေါ်ယူရန် စောင့်ကြည့်နေခြင်းဖြစ်သည်။ ရိုဒရီဂွက်သည် ပြီးခဲ့သည့်လက အီတလီ ကလပ် ဂျူဗင်တပ် နှင့် ဆွေးနွေးခဲ့ပြီး ရာသီအကုန် တွင် ပေါ်တိုမှ ထွက်ခွာရန် သေချာသလောက် ဖြစ်နေသည့် ကစားသမားဖြစ်သည်။
နောက်ထပ် ၂ ပတ်ခန့် အနားယူပြီးလျှင် အသင်းနှင့် ပူးပေါင်းပါဝင်လာတော့မည့် မိုက်ကယ်အိုဝင်
မန်ယူအသင်း၏ ဝါရင် အင်္ဂလန် တိုက်စစ်မှုး မိုက်ကယ် အိုဝင်သည် ယခုရာသီ တွင် ဒဏ်ရာကြောင့် အနားယူနေရပြီး ပွဲထွက် ကစားခွင့် ဆုံးရှုံးနေသူဖြစ်သည်။ ယခုအခါ ဒဏ်ရာမှ ပြန်လည်သက်သာ လာပြီး လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီ ဖြစ်ကာ လာမည့် ရက် အနည်းငယ်အတွင်း ယူနိုက်တက် အတွက် ပြန်လည် ကစားပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ဖာဂူဆန် က “ မိုက်ကယ် ဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ပုံစံ ပြသနေနိုင်ပါပြီ။သူ့ရဲ့ ကစားသမား ဘဝ ဒဏ်ရာမှတ်တမ်းကြောင့် သူ့အနေနဲ့ အသင်းနဲ့ မပူးပေါင်းခင် သေချာအောင် စောင့်ကြည့်သွားပါမယ်။ နောက်ထပ် ရက်သတ္တပတ် ၂ ပတ်လောက် အနားယူပြီးရင်တော့ သူ့ရဲ့ ကြံခိုင်မှုပြန်လည် ပြည့်ဝပြီး အသင်းအတွက် ပေးဆပ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု မှတ်ချက်ပေး ပြောကြားသွားခဲ့သည်။
မန်ယူအသင်းနှင့် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုလိုက်သည့် လူငယ်ကစားသမားလေး
ယူနိုက်တက် လူငယ်အကယ်ဒမီ မှ လူငယ်ခြေတက် ကစားသမားလေး ဖြစ်သည့် Adnan Januzaj သည် ယခု အခါ ယူနိုက်တက် အသင်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါ ပါရမီရှင်လူငယ် ကွင်းလယ် ကစားသမားလေး ကို ယမန်နှစ်ရာသီ ကတည်းက အန်ဒါးလက် အသင်းထသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၄၀၀၀၀ ပေးခဲ့ရပြီး လူငယ် အကယ်ဒမီ ကစားသမား အဖြစ် အသင်း၌ခေါ်ယူထားခဲ့ပြီး ယခု အသက် ၁၆ နှစ်ပြည့်ပြီး မှသာ တရားဝင် စာချုပ်ချုပ်ဆို နိုင်ခဲ့သူဖြစ်သည်။
Adnan Januzaj ၏ ဘောလုံးစွမ်းရည် ဗီဒီယိုဖိုင်










အောက်ဆုံးက ကောင်လေးမိုက်တယ်ဟ……
ရော်နယ်ဒို လက်သစ်လေးများလား အတွေး
အားပေးသါားတယ် ကွန်ကားယားလေးရေ
ကောင်လေးက စကေးတော့ လန်းမယ်ဟ…. တရဲနီပြောသလိုပဲ ဒိုလေးလက်သစ်လေးဖြစ်နေမလား အတွေး….
၁ယေါက်ထဲ ပြနေတါတေါ့ ဟုတ်နေတါပဲ တကယ်တမ်းဆိုရင် ကေါ