မန်ယူအသင်း၏ ရာသီကြိုခရီးစဉ်တွင် အသစ်ခေါ်ယူထားသည့် ကစားသမား (၂)ယောက်ဖြစ်သည့် နစ်ပိုဝဲလ်နှင့် ရှင်ဂျီကာဂါဝါတို့လည်း အသင်းဖော်များနှင့်အတူ ဂျက်လေယာဉ်ဖြင့် အတူတစ်ကွ ပါဝင်ခဲ့ကြသည်။ ။
.
ယနေ့နံနက်တွင် တောင်အာဖရိကသို့ ထွက်ခွာသွားသည့် ရာသီကြိုခရီးစဉ်၏ မန်ယူအသင်းလူစာရင်းတွင် အသင်းမှ ထွက်ခွာတော့မည်ဟု့ သတင်းထွက်နေသည့် ဒီမီတာ ဘာဘာတော့ဗ်လည်း အတူတစ်ကွ လိုက်ပါသွားသည်။ ။
.
မန်ယူအသင်းသည် ရာသီကြိုခရီးစဉ်၏ ပထမဆုံး ခရီးအဖြစ် ယနေ့မှာ မိုင်(၂၂,၀၀၀) ကွာဝေးသည့် အာဖရိကသို့ စတင်ခရီးထွက်ခွာ သွားခဲ့ပြီး၊ နိုင်ငံပေါင်း (၅)နိုင်ငံသို့ လှည့်လည်ဖျော်ဖြေ ကစားသွားမည် ဖြစ်သည်။ လာမည့် စနေနေ့၌ တောင်အာဖရိက နိုင်ငံ၏ Ajax Cape Town ပွဲမကစားမည်အရင် ဗုဒ္ဓဟူးနေ့တွင် တောင်အာဖရိက နိုင်ငံ၏ Durbanမြို့ AmaZulu တွင် ပထမဦးဆုံး ခြေစမ်းပွဲ စတင်ကစားလိမ့်မည် ဖြစ်သည်။ ။
.

ရေနွေးကြမ်းတွေ သောက်လို့ပါလား ..

ခြေစမ်းပွဲ မှာကစားရင်းနဲ့ ဒိုလေးလိုကစားသမားမျိုးရလာတာပဲ .. ဒီတခါလဲ ဒိုလေး နောက်တယောက်လောက်တွေ့ချင်တယ် …