MMFC

Myanmar Manchester United Fans Club
  • Facebook
  • Google
  • Twitter
  • Rss
ဆိုဒ်နှင့် ဆက်သွယ်ထားသမျှ
  • BLOG
  • Table
    • ပွဲချိန်ဇယား
    • အမှတ်ပေးဇယား
    • Top Scorers
  • REGISTER
    • Member Register
    • cbox Register
  • History
    • Manu History
    • Manager History
    • Player History
    • Trophy Room
  • MMFC EPL
    • MY TEAM
    • MMFC EPL register
  • MMFC TV
  • Login
  • Players

မန်ဘာ ဝင်သူများ သို့ အကြောင်းကြားခြင်း

ကျွန်တော်များ MMFC ဆိုဒ်အတွင်း မန်ဘာအဖြစ် ရီဂျစ်စတာ လုပ်လျှင် ကွန်ဖန်း အီးမေးလ် ပို့ပေးပါလိမ့်မည်.. ထို အီးမေးလ် နှင့် အတူ မန်ဘာ အမည် ပက်စ်ဝပ် တို့ နှင့် အတူ ကွန်ဖန်း လုပ်ရန် လင့်ပါ ပူးတွဲပါလာပါလိမ့်မည်.. ထိုလင့်ကို နှိပ်၍ Login ဝင်ပြီးလျှင် မန်ဘာ အဖြစ် ရီဂျစ်စတာ လုပ်ခြင်း ပြီးဆုံးပါပြီ ... ထို အီးမေးလ်ကိုလဲ မိမိ အီးမေးလ်ထဲရှိ Inbox ထဲတွင် မတွေ့ပါက Spam mail ထဲတွင် ရှာရန် ဖြစ်ပါသည်.။
Home» Man U News » မာစတာ နှင့် အလုပ်သင်

မာစတာ နှင့် အလုပ်သင်

Posted on September 18, 2012 by wathonelone in Man U News, Nick Powell, Paul Scholes, Player News, Premier League - No Comments
6E32F78D2EE242A5A99DE20C9DD73262.ashx

ဒီပိုစ့်လေးကတော့ မန်ယူတီဗွီ အစီအစဉ် တင်ဆက်သူ စတီးဝါ့ ဂါဒ်နာရဲ့ အတွေ့ အကြုံလေးကို ရေးသား ဖော်ပြထားတာ ဖြစ်ပါတယ်… အားပေးကြပါကုန်….

ဒီနေ့မနက် ကာရင်တန်ကွင်းကို ကားမောင်းဝင်လာတဲ့ နစ်ပိုဝဲလ်လေးဟာ ဂုဏ်ယူဝင့်ကြွားတဲ့ ခံစားမှုမျိုး ရှိနေမှာ မလွဲပါဘူး။ ပွဲသိမ်းဂိုးကို အိုးထရက်ဖို့ရဲ့ ပွဲဦးထွက်မှာ သွင်းယူနိုင်ခဲ့ခြင်းဟာ ကစားသမားတစ်ယောက်ရဲ့ အိပ်မက်ကို ထုဆစ်နိုင်ခဲ့ခြင်းပဲ မဟုတ်လား။

ဒါ့အပြင် ဆာအဲလက်စ် ကလည်း ဒီကောင်လေးဟာ ပေါစခိုးရဲ့ ခြေရာနင်းမယ့် ကောင်လေးလို့လည်း သူ့ယူဆချက်ကို ထုတ်ဖော်ပြခဲ့ ပါတယ်။ ဒါဟာ ဆာအဲလက်စ်ရဲ့ ဒီကောင်လေးအပေါ် ချီးမွမ်း ဂုဏ်ပြုခြင်း တစ်မျိုးပဲ မဟုတ်လား။ တကယ်လည်း စနေနေ့က ၀ီဂန်ကို ၄-၀ ဂိုး နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ခေါက်ချိုးညီမျှခြင်း တစ်ခုကို တွေ့ရှိခဲ့ရတယ်လေ။ ၀ီဂန်ကို အနိုင်ယူမယ့် လမ်းစကို ပေါစခိုးက သူ့ရဲ့ ပွဲ ၇၀၀ မြောက် အနေနဲ့ ဖော်ဆောင်ပေးခဲ့ပြီး ပွဲသိမ်းဂိုးကို သွင်းယူခဲ့တာကတော့ ပထမဆုံး သရဲနီတပ်သားအဖြစ် ပွဲထွက်လာတဲ့ ပိုဝဲလ် ဖြစ်နေတာပါပဲ။

ယူနိုက်တက် ဂန္တ၀င်နဲ့ နှိုင်းယှဉ်ခံရဖို့ နစ် ပိုဝဲလ် အနေနဲ့ လမ်းကြောင်း အရှည်ကြီး လျှောက်လှမ်းရအုံး မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဘယ်ညာ ခြေနှစ်ဖက်စလုံး သန်စွမ်းမှု၊ အကွက် မြင်တတ်မှုနဲ့ အရေးပါတဲ့ ဂိုးတွေကို သွင်းယူနိုင်တဲ့ အမြင်ရှိမှု တွေ ကို သူ ပြသခဲ့ပါပြီ။ ဒါတွေကို ပြီးခဲ့တဲ့ရာသီ ခရူဝီ အသင်းမှာ ကစားစဉ်က တစ်ရာသီတည်း ၁၆ ဂိုးသွင်းပြီး ပြသခဲ့တာကို ခင်ဗျားတို့ ကျွန်တော်တို့ မျက်မြင်တွေ့ခဲ့ ပြီးပြီပဲ။ စခိုး ဆီကနေ လေ့ကျင့်ရေး အချိန်တွေမှာ သူအစွမ်းကုန် သင်ယူနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။

စခိုး ရဲ့ ရုတ်တရက် လားရာပြောင်းရွေ့ပြီး အင်တာဗျူးတွေကို ရှောင်လွှဲ နိုင်မှု ဆိုတဲ့ အချက် ကိုတော့ ပါဝဲလ်အနေနဲ့ ပုံတူ ကူးမချဘူး လို့ ကျွန်တော် မျှော်လင့်ပါတယ်။ စနေနေ့ ပွဲပြီးတော့ ကျွန်တော် စခိုးကို စကားပြောဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် သူ လျှောက်လမ်းထဲကို မြန်နိုင်သမျှ မြန်မြန်ကို ဆင်းသွားတော့ တာပါပဲ။

ပထမဆုံး ကျွန်တော် မန်နေဂျာကို အင်တာဗျူးနေတာပါ။ အင်တာဗျူး အလယ်လောက်မှာပဲ ကျွန်တော် ပေါလ်…ပေါလ်… ဆိုတဲ့ အော်သံတွေကို လက်မှတ်ထိုးပေးဖို့ တောင်းဆိုနေသူတွေ ဆီကနေ ကြားနေရပါတယ်။ စခိုးကတော့ ပွဲသိမ်းခရာ မှုတ်ပြီး ပြီးချင်းမှာပဲ တီဗီ ကင်မရာတွေကို လျှင်လျှင် မြန်မြန်ပဲ ကျော်ဖြတ်ပြီး သူ့ရဲ့ ကားဆီကို ဦးတည် သွားနေပါတော့တယ်။

စခိုးဟာ တစ်ကိုယ်ရေ မှတ်တိုင်တွေ နဲ့ သူ့ရဲ့ အကြောင်း ပြောဆိုနေကြတာကို စိတ်ဝင်စားမှု သိပ်ရှိပုံ မပေါ်ပါဘူး။ သူ့အတွက်ကတော့ ပုံမှန် ကစားပွဲလိုပဲ ကစားပြီး အိမ်ပြန်ရမယ် ဆိုတာလောက်ပဲ တွေးထား ပုံပါပဲ။ သူ့ရဲ့ပုံစံက ဒီလိုပဲ အပြောင်းအလဲ မရှိတာ ကစားသမား ဘ၀ အစကတည်းကပါ။

ကံကောင်းစွာနဲ့ပဲ နစ် ပိုဝဲလ်ကတော့ မန်ယူတီဗွီ အစီအစဉ်ကို သူ့ရဲ့ ထူးခြားတဲ့ နေ့တစ်နေ့ အကြောင်း စကားပြောချင်ပုံ ပေါ်နေခဲ့ ပါတယ်။ ကျွန်တော် ဘာကို ပထမဆုံး မေးခဲ့တယ် လို့ ခင်ဗျားတို့ ထင်လဲ။

နစ်… ဒီနေ့ကတော့ ခင်ဗျား ဘ၀မှာ ဘယ်တော့မှ ပြန်သတိမရတော့မယ့် နေ့တစ်နေ့ ဖြစ်ပြီပေါ့။ Cut.

ကျွန်တော့်ရဲ့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ မေးခွန်းမဟုတ်ဘဲ လိမ္မာပါးနပ်မှု မရှိတဲ့ မေးခွန်းကြောင့် သူ့ကို ကြည့်ရတာ နဲနဲတော့ စိတ်ရှုပ်ထွေး သွားပုံ ပေါ်ပါတယ်။ ကျေးဇူးတင်ရမှာကတော့ တိုက်ရိုက်ထုတ်လွှင့် နေခြင်း မဟုတ်တာကြောင့် ကျွန်တော်တို့ ပြန်လည် ရိုက်ကူး နိုင်ခဲ့ပါတယ်။ နောက်လာမယ့် နှစ်တွေမှာလည်း ကျွန်တော် သူ့ကို အကြိမ်များစွာ အင်တာဗျူး တွေ လုပ်နိုင် လိမ့်မယ်လို့ မျှော်လင့်လျှက် ….

  • Bio
  • Latest Posts

wathonelone

Latest posts by wathonelone (see all)

  • အောင်မြင်မှုတွေကို ဆာ အဲလက်စ် ဖာဂူဆန် ရေရှည်ထိန်းထားနိုင်ခြင်းရဲ့ အကြောင်းရင်း ၁၀ ချက် - February 17, 2013
  • ဆာ အဲလက်စ်: ၉၉ ခုနှစ်ကထက် တောင့်တင်းတဲ့ အသင်းကို ပိုင်ဆိုင်ထားတာပါ - February 17, 2013
  • ရီးရဲလ်နဲ့ ရင်ဆိုင်ရမယ့် နောက်တစ်ကျော့ပွဲမှာ လူအပြောင်းအလဲတွေ လုပ်မယ့် ယူနိုက်တက် - February 17, 2013

Comments

comments

Leave a Reply Cancel reply

You must be logged in to post a comment.

RSS နဲ့ EMAIL ကြိုက်တာနဲ့ဖတ်ဖို့

မေးလ်လိပ်စာသာထည့်ထားခဲ့ပါ:

ပိုစ့်အသစ်တင်တိုင်းပို့ပေးပါမယ်

နေ့အလိုက် စာဖတ်သူများ

  • 665ဒီပိုစ့်ကို ဖတ်သူပေါင်း:
  • 3058812Total reads:
  • 1252ယနေ့ လာဖတ်သူ:
  • 6731ယမန်နေ့က လာဖတ်သူ:
  • 21လောလောဆယ် ရှိနေသူ:

သရဲနီတို့ စကားဝိုင်း

ကြီးကြီးချက်ချင်ရင်တော့ ဒီကိုနှိပ်

Recent Posts

  • phil on moyes

    မိုရက်စ်ကသာ အမှန်အကန် စပယ်ရှယ်ဝမ်း နည်းပြ တစ်ယောက် ဖြစ်ပါတယ်” – ဖီးလ်နဗီး

    May 22, 2013
  • 123

    ဖန်တက်စီဂိမ်း ပြိုင်ပွဲဆုရစာရင်း ကြေညာခြင်း

    May 22, 2013
  • 44

    ဇီဒန်း ၊ဇာဗီ တို့နှင့် ခိုင်းနှိုင်းခြင်းကို သဘောမကျတဲ့ စခိုးလ်

    May 22, 2013
  • saint

    မိုယက်စ်ဧ။် ပထမဦးဆုံးခေါ်ယူမှုဖြစ်လာနိုင်သည့် လုခ်ရှော

    May 22, 2013
  • David-Moyes

    မိုရက်စ် အဝင်မှာ …

    May 22, 2013
  • 248022_558336384188777_399734652_n

    ငါးနှစ်တိုင်ခဲ့ပြီ MMFC (Myanmar Manchester Fan Club)

    May 21, 2013
  • Real Madrid's Higuain reacts after failing to score a goal against Barcelona during their Spanish First Division soccer match in Barcelona

    ရိုနယ်ဒိုအား ချဲလ်ဆီးကို လုံးဝ ရောင်းချသွားမှာ မဟုတ်ပါဘူး (ပီရက်ဇ်)

    May 21, 2013
  • ၂၂

    ဂစ် ခြေစွမ်းပြသနေနိုင်အုံးမှာဖြစ်ကြောင်း ပြောကြားခဲ့တဲ့ စခိုးလ်

    May 21, 2013
  • 580434_629153017113549_707185977_n

    မန်ယူအသင်းနှင့် ပက်သက်သော သတင်းတို မှတ်စု

    May 21, 2013
  • 321

    လာနယ်ကိုးရဲ့ ဂိုးများနဲ့ လူငယ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်ယူ

    May 20, 2013

    ဖန်ဆိုဒ် များတွင် ထည့်ရန်

    မြန်မာမန်ချက်စတာယူနိုက်တက်ဖန်မှကြိုဆိုပါ၏
    (c) 2012 Myanmar Manchester United Fans Club - Web Design by Admin Team