မန်ယူ အသင်း နည်းပြကြီး ဖာဂူဆန်သည် အသင်းမှ ဝါရင့် နောက်ခံလူ ရီယို ဖာဒီနန် အား အသင်း၌ ထပ်မံ သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် ကြံရွယ် စိတ်ကူးနေကြောင်း သိရသည်။ ဖာဒီနန်သည် ပြီးခဲ့သည့် ဝီဂန် နှင့် ပွဲစဉ်၌ မန်ယူ အသင်းအတွက် ပွဲပေါင်း ၄၀၀ ပြည့်မြောက်ခဲ့သည့် ကစားသမား တစ်ဦး ဖြစ်ပြီး သူ၏ ခြေစွမ်းကို ယခုချိန်ထိတိုင် ထိန်းသိမ်းထားနိုင်ဆဲ ကစားသမား တစ်ဦး ဖြစ်သလို အသင်းဖော်များအားလည်း ဦးဆောင်နိုင်စွမ်း ရှိသူ တစ်ဦး ဖြစ်သည်။
MUTV နှင့် တွေ့ဆုံစဉ် “ရီယိုလို ပွဲ ၄၀၀ ပြည့်မြောက်အောင် ကစားပေးနိုင်စွမ်းတဲ့ နောက်ခံလူ တစ်ယောက်ကို ဒီဘက်နှစ်ပိုင်းမှာ သိပ်မတွေ့ရတော့ပါဘူး။ ပြီးခဲ့တဲ့ ရာသီမှာတုန်းကလည်း သူ့ရဲ့ အသင်း ခံစစ်ကြောင်းကို ထိန်းသိမ်းနိုင်တဲ့ ထိပ်တန်း အရည်အသွေးကို ပြသနိုင်ခဲ့သူပါ။ ဒါကြောင့် ကျွန်တော်တို့ သူ့ကို အသင်းမှာ ထပ်မံ သက်တမ်းတိုး နိုင်ဖို့ ကြိုးစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ဆာ အဲလက်စ် မှ ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။

သက်တမ်းတိုစာချုပ်တော့ ချုပ်လို့ရမှာပေါ့