ဂျာမန် ကလပ် အသင်း တစ်သင်း ဖြစ်သည့် ဘိုချန် အသင်း ဥက္ကဌ ဖြစ်သူ ဂျင်တော့ဒ် က အသင်း၏ လူငယ် ကြယ်ပွင့် ကစားသမား လီယွန် ဂေါဒ်ကခ် အား ခေါ်ယူရန် ကြိုးပမ်းနေသည့် မန်ယူ နှင့် အာဆင်နယ် အသင်းများ အား မိမိ၏ ကစားသမား အား ကြိုးပမ်းမှုကို လက်လျှော့ရန် သတိပေး ပြောကြားလိုက်သည်။ မန်ယူ၊ အာဆင်နယ် အသင်းတို့သည် အသက် ၁၇ နှစ် အရွယ် ဂျာမန် ကွင်းလယ် ကြယ်ပွင့် ကစားသမားလေးအား စိတ်ဝင်စားနေကြပြီး ပြီးခဲ့သည့် တစ်ပတ်က ယှဉ်ပြိုင်ခဲ့သည့် ဘိုချန် အသင်း နှင့် ၁၈၆၀ မြူးနစ် အသင်းတို့ ပွဲစဉ်တွင် ကစားသမား ကင်းထောက်များ စေလွှတ်ကာ လီယွန် ဂေါဒ်ကခ် ၏ ခြေစွမ်းကို စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရသည်။ ဘိုချန် အသင်းအတွက် ၂ ပွဲကစားပေးထားကာ ၁ ဂိုး သွင်းယူပေးထားသည့် ကွင်းလယ် တိုက်စစ်သမားလေးအား ဘိုချန် အသင်း အနေဖြင့် လွယ်လွယ်နှင့် လက်လွှတ်ခံမည် မဟုတ်ကြောင်း အသင်း ဥက္ကဌမှ ပြောကြားသွားခဲ့သည်။
“လီယွန် အသင်းကို လက်လွှတ်ဖို့ လုံးဝကို စဉ်းစားထားခြင်း မရှိပါဘူး။ သူဟာ အသင်းအတွက် နှစ်ပေါင်းများစွာ ကစားသွားမယ့် ကစားသမားလေး ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ အနေနဲ့ မျှော်လင့်ချက်တွေ အဆုံးသတ်သင့်ပါတယ်။” ဟု ဘိုချန် အသင်း ဥက္ကဌ ဖြစ်သူ ဂျင်တော့ဒ် မှ ဂျာမန် မီဒီယာများသို့ ပြောကြားသွားခဲ့ကြောင်း သိရသည်။

ခုခေတ် မော်ဒန်ဘောလုံးလောကမှာ မဖစ်နိုင်ဝူးဆိုတာဘာမှမရှိပါဝူးဦးလေးရယ် အပြောကြီးမနေပါနဲ့