ဖီးလ်နဗီးက မော်ရင်ဟို၊ အန်ဆယ်လော့တီနှင့် အခြားသော ဥရောပ ထိပ်တန်း နည်းပြတို့ထက် မိုရက်စ်ကသာလျင် မန်ယူအသင်းအတွက် အကောင်းဆုံး လိုက်ဖက် သင့်တော်သည့် နည်းပြဖြစ်ကြောင်း ညွှန်းဆိုလိုက်သည်။ ။
ကျွန်တော်တို့ ကို ခံစားမှု ရသပေါင်း များစွာ ပေးခဲ့တဲ့ ပရီးမီးယားလိဂ် တိုက်ပွဲကြီးကတော့ ပြီးဆုံးသွား ခဲ့ပါပြီ။ ကျွန်တော်တို့ ရဲ့ အသင်း ယူနိုက်တက်ဟာလည်း အကောင်းဆုံး ကြိုးစားပြီး ချန်ပီယံဆုဖလားကို ပြန်လည်လို့  သိမ်းပိုက်နိုင်ခဲ့ပါတယ် ဒါပေမယ့်လည်း ကျွန်တော်တို့ ရဲ့ နည်းပြကြီး အနားယူသွားလို့  ယူနိုက်တက် ဖန်တွေ အနေနဲ့ ဒီရာသီ ပျော်ရွှင်မှုတွေ ရလာပေမယ့်လည်း ၀မ်းသာဝမ်းနည်းစိတ်တော့ ရှိကြမှာ မလွဲပါဘူး ပရီးမီးယားလိဂ် ပြီးဆုံးသွားတာနဲ့ အတူ ကျွန်တော်တို
မန်ချက်စတာယူနိုက်တက် အသင်းမှ အနားယူသွားပြီဖြစ်သော ဂန္တ၀င်ကစားသမား စခိုးလ် အနေဖြင့် သူ့အား ထူးချွန်ကောင်းမွန်သော ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းကို အလိုမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့သိရပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်ဖူးသော ဇီဒန်း ၊ ဇာဗီ တို့လို ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦး အဖြစ် ခိုင်းနှိုင်းနေခြင်းကို သူ မနှစ်မြို့ကြောင်း ၊
စီရိုနယ်ဒို ၊ပီလီ တို့လို ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းကို မနှစ်သက်ကြောင်း စခိုးလ် က ပြောကြားခဲ့တာပါ။
အသက် ၃၈နှစ်အရွယ်ရှိပြီ ဖြစ်သော စခိုးလ်က “”” ဒီလို ခိုင်းနှိုင်းနေတာမျိုးကို ကျွန်တော်သဘောမကျပါဘူး။ ဇီဒန်း ၊ ဇာဗီတို့ဟာ ကမ္ဘာ့ဖလားကော ၊ ယူရို ဖလားကိုပါ ကိုင်မြှောက်ခဲ့ဖူးတဲ့သူတွေပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်အဖြစ် အဆင့်ရောက်ဖို့ ဒီလို ဆုဖလားမျိုးတွေ ရရှိဖူးဖို့လိုမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ဒီအရာတွေ မရရှိခဲ့ပါဘူး “”” [...]
မန်ချက်စတာယူနိုက်တက် အသင်း မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်အနေနဲ့ ချယ်ဆီးအသင်းနဲ့ယှဉ်ပြိုင်ပြီး ဆောင်သင်တန် အသင်းမှ လုခ်ရှောကို ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ Daily Mail သတင်းစာအဆိုအရသိရပါတယ်။
အဆိုပါ အသက် ၁၇နှစ်အရွယ်ရှိ ဘယ်နောက်ခံလူေ၇ှာ မှာ မိုယက်စ်ဧ။် နွေရာသီ အ၀ယ်စာရင်းတွင် ပါဝင်နေသူတစ်ဦးဖြစ်ပြီး ဆာအဲလက်စ် အမွေ ချန်ထားခဲ့သော အသင်းကို ကိုယ်ပိုင်အိုင်ဒီယာဖြင့် ပိုကောင်းအောင် ပြုပြင်မည့် မိုယက်စ်ဧ။် ပထမဦးဆုံး မန်ချက်စတာယူနိုက်တက်အတွက် ခေါ်ယူမည့် ကစားသမား ဖြစ်လာနိုင်ဖွယ်ရှိနေသည်။ မိုယက်စ် အဲဗာတန်အသင်းကို ကိုင်တွယ်စဉ်က လုခ်ရှောဧ။်ခြေစွမ်းအား ယမန်နှစ်တစ်ရာသီလုံး ကင်းထောက်များလွတ်ကာ အစဉ်တစိုက် စောင့်ကြည့်လေ့လာနေခဲ့ကြောင်းသိရပြီး ယင်းသို့ စောင့်ကြည့်ခြင်းမှာ အသင်းမှ လေတန်ဘိန်းစ် အခြားအသင်းသို့ ထွက်ခွာသွားခဲ့ပါက အဆင်သင့် အစားထိုးနိုင်ရန် ရည်ရွယ်ခဲ့သောကြောင့်ဖြစ်သည်။ သို့ရာတွင် ဘိန်းစ်မှာ အဲဗာတန်အသင်းတွင်သာ [...]

တစ်ချို့ ယူနိုက်တက်ပရိတ်သတ်တွေကတော့ အသင်းကို မိုရက်စ် ရောက်လာမှာကို စိုးရိမ်ခဲ့ကြမှာ အမှန်ပါပဲ။ အနည်းဆုံးတော့ ဖလား တစ် လုံးလောက် ယူ ပြ နိုင် ခဲ့တဲ့ နည်းပြမျိုးကို အလိုရှိကြမှာပါ။ ပေါ်တူဂီ နည်းပြ မော်ရင်ညို ကိုတော့ အများပိုင်းက မျှော်လင့်ခဲ့ပေမဲ့၊ မန်ချက်စတာ ယူနိုက် တက် ရဲ့ ဘုတ် အဖွဲ့ နဲ့  နည်းပြကြီး ဖာဂူဆန် တို့ ရဲ့ သဘောမတွေ့ ခဲ့သာကြောင့် ၊ ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှိခဲ့ပေမဲ့ မခေါ်ယူခဲ့ပါဘူး။ နည်းပြကြီး ဖာဂူဆန် အာမခံမှု၊ အကြိုက်တွေ့  မှုတစ်ခုထဲ နဲ့ တင် မိုရက်စ် ဟာ ယူနိုက်တက်အသင်းရဲ့နည်းပြ ဖြစ်လာခဲ့ပေမဲ့ မိုရက်စ်ရဲ့ [...]
မန်ချက်စတာယူနိုက်တက် မှ အနားယူသွားပြီဖြစ်တဲ့ ကွင်းလယ်လူ ပေါစခိုးလ်က ဂန္တ၀င်ကစားသမား ရိုင်ယန်ဂစ် အနေဖြင့် နောက်ထပ် တစ်ရာသီ တိုင် ခြေစွမ်းပြကစားနေနိုင်အုံးမည်ဆိုသည်မှာ သံသယရှိစရာ မလိုကြောင်းပြောကြားသွားခဲ့ပါတယ်။
စခိုးလ်က ဂစ်အနေဖြင့် သူကိုယ်တိုင် အနားမယူသေးခင်အချိန်အထိ လက်ရှိခြေစွမ်း အတိုင်းဆက်လက် ပြသနေအုံးမည်သာဖြစ်ကြောင်း The Times သတင်းစာကိုပြောကြားခဲ့တာပါ။
စခိုးလ်က “” ဂယ်ရီရယ် ၊နစ်ကီရယ် ၊ဒေးဗစ်ရယ် ၊ကျွန်တော်ရယ် အားလုံး သူ့ကို အတုယူခဲ့ကြရတာပါ။ သူ့အနေနဲ့ သူ ကစားချင်သလောက် ၊ကစားနေနိုင်သလောက် ကစားနေအုံးမှာပါ။ ပြီးတော့ သူ ကစားတာ ကြာနေပြီဖြစ်တဲ့ ဒီပြိုင်ပွဲ (ပရီးမီးယားလိဂ်)ဟာ သူ့ကိုယ်ပိုင်တစ်ခုလိုဖြစ်နေပါပြီ “” ဟု ပြောကြားခဲ့ကြောင်းသိရသည်။
ဆြာအဲလက်စ် ဖာဂူဆန်က MUTV မှတစ်ဆင့် မန်ယူအသင်းသည် ကစားသမားများနှင့် နည်းပြများအပေါ် စိတ်ရှည်သီးခံ အချိန်ပေးကာ ရေရှည်အသင်းတွင် ထိန်းထားရာ၌ အခြားသော ကလပ်များထက် သာလွန်ကောင်းမွန်ကြောင်း ချီးကျူးခဲ့သလို ပရီးမီးယားလိဂ် ပြိုင်ဖက် အသင်းများ၏ ကစားသမားနှင့် နည်းပြတို့အပေါ် ဆက်ဆံနေသည့် ယဉ်ကျေးမှူ့ အလေ့အထကိုပါ ခပ်ပါးပါး ဝေဖန်တိုက်ခိုက် ပြောကြားသွားသည်။ ။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကလီဗာလေက သူဧ။် ကစားသမားဘ၀ ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံ ဆွတ်ခူးခဲ့သည့်အတွက် ကျေနပ် ပျော်ရွင်မိကြောင်း ပြောကြားသွားခဲ့တယ် လို့ သိရပါတယ်။ ကလီဗာလေ အနေဖြင့် ယူနိုက်တက် ဆုဖလားဆွတ်ခူးမှုတွင် ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ပါဝင်အသုံးတော်ခံခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပါ ကစားခွင့်ရရှိခဲ့သည်။
ကလီဗာလေ က “””” ဒီဘောလုံးရာသီဟာ ကျွန်တော်ရဲ့အကောင်းဆုံးဘောလုံးရာသီတစ်ခုပါ။ ပွဲ ၃၀ ကျော် ကျွန်တော် ကစားခဲ့ရတဲ့အပြင် အင်္ဂလန် လက်ရွေးစင်အသင်းမှာပါ ကစားခွင့်ရရှိခဲ့တယ်။ ဒါ့အပြင် ကျွန်တော့်အတွက် ပထမဆုံး ပရီးမီးယားချန်ပီယံဆုတံဆိပ်ပါ ရရှိခဲံပါသေးတယ်။ နောက်ရာသီမှာ ခြေစွမ်း ပို တိုးတက်လာအောင် လုပ်ဖို့ ကျွန်တော် ပစ်မှတ်ထားနေပါတယ်။ ခုတော့ အရမ်းပျော်နေပါတယ် “”””လို့ ပြောကြားသွားခဲ့ကြောင်း tribalfootball.com မှာ ဖော်ပြထားပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘာစီလိုနာ အသင်းမှ စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ် ကို ဗန်ပါစီဧ။် အကူအညီဖြင့် အသင်းသို့ခေါ်ယူရန် ဆန္ဒရှိနေတယ်လို့သိရပါတယ်။
London Evening Standard သတင်းစာ ဧ။် ဖော်ပြချက်အရ အိုးလ်ထရက်ဖို့ဒ်တွင် ဗန်ပါစီရှိနေခြင်းက ဖာဘရီဂတ်စ်ကို ခေါ်ယူရာတွင် အထောက်အကူတစ်ခု ဖြစ်လာလိမ့်မယ်လို့ မန်ယူမှ မျှော်လင့်နေကြောင်း ၊ အသက် ၂၆နှစ်အရွယ်ရှိ ဖာဘရီဂတ်စ်အား အသင်း ကွင်းလယ်ကို အင်းအားတောင့်တင်းအောင် ဖြည့်ဆည်းပေးနိုင်ရန် ခေါ်ယူလိုနေတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဗန်ပါစီ နှင့်  ဖာဘရီဂတ်စ် တို့မှာ အာဆင် နယ်တွင် ၇နှစ်တာ အတူတကွ ကစားခဲ့ကြသော ကစားဖော်များ ဖြစ်ကြသည့်ပြင် ရင်းနှီးသော မိတ်ဆွေဆက်ဆံရေးလည်းရှိကြသည်။ ယခုအခါ ဗန်ပါစီမှာ မန်ချက်စတာယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုတံဆိပ် ရရှိနိုင်ခဲ့ပြီဖြစ်ရာ ဗန်ပါစီ ရှိနေခြင်းက [...]
ဝိန်းရွန်နီ တစ်ယောက် မန်ယူအသင်းကနေ ထွက်ခွာပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းမယ်တို့၊ အာဆင်နယ် ချယ်လ်ဆီး အသင်းတွေကလည်း ၀ိန်းရွန်နီကို ခေါ်ယူဖို့ ကြိုးစားနေတာတို့ အစရှိသဖြင့် ၀ိန်းရွန်၏ သတင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီးနောက် ဘိုင်ယန်အသင်း ဒါရိုက်တာက ရွန်နီကို ခေါ်ယူလိမ့်မှာ မဟုတ်ကြောင်း အတိအလင်း ငြင်းဆိုသွားခဲ့သည်။ ။
အိုးထရက်ဖို့ဒ်၏ မန်နေဂျာသစ် ဒေးဗစ်မိုရက်စ်သည် ဆြာအဲလက်စ်ဖာဂူဆန်၊ ရွိုင်ယန်ဂစ် တို့နှင့်အတူ မနေ့က Alderley Edge ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ၀ိန်းရွန်နီ၏ မန်ယူအသင်းမှ ဒုတိယ အကြိမ်မြှောက် ထွက်ခွာခွင့် တောင်းခံသည့် ကိစ္စနှင့် ပတ်သက်ပြီး ရွန်နီ၏ အနာဂတ် အဆင်ပြေမည့် ကိစ္စကို အဓိကထား အကြေအလည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ။