ရီဂျစ်စတာမလုပ်မှီ ဤစာအနီရောင်များဖြင့် ရေးထားသည်ကို သေချာအရင်ဖတ်ပေးပါ
ဤနေရာသည် C-box အတွက် အကောင့်လုပ်ရန် သက်သက်သာ ဖြစ်ပါသည် မန်ဘာ ရီဂျစ်စတာ လုပ်သော နေရာ မဟုတ်ပါ
စီဘောက် အကောင့်ကိုလဲ မန်ဘာဝင်ထားပြီး သူများကိုသာ လုပ်ပေးပါသည် ထို့ကြောင့် မိတ်ဆွေ အနေဖြင့် မန်ဘာ မဝင်ထားရသေးလျှင် ဤနေရာတွင် register ပထမဆုံး မန်ဘာအဖြစ် ဝင်ရောက်ပြီးမှသာ C-box အကောင့် ဆက်လက် လုပ်စေချင်ပါသည် စီဘောက် အကောင့်ပြုလုပ်ရာတွင်လဲ အောက်တွင် ဖော်ပြထားသော လမ်းညွှန်ချက်များကို သေချာစွာ ဖတ်ပြီးမှ မှန်ကန်စွာ လိုအပ်သည်များကို ဖြည့်ပေးစေချင်ပါသည် အချို့သော သူများသည် သေချာစွာ မဖတ်ရှုပဲ ပြီးစလွယ် တွေ့ရာ အမည် အီးမေးလ် ထည့်ပြီး စီဘောက်တွင် မိမိ အသုံးပြုလိုသော အမည် နှင့် ပက်စ်ဝပ်ကို မဖြည့်ပဲ submit လုပ်လိုက်ခြင်း အချို့ကလဲ စိတ်ကူးတည့်ရာ ကဗျာလိုလို စာလိုလို စာသားများ ရေးထည့်ပြီး submit လုပ်လိုက်ခြင်း များကို တွေ့ရှိ နေရပါသဖြင့် ကျွန်တော်များ အက်ဒ်မင် အဖွဲ့ အနေဖြင့် Cbox အကောင့် ဖွင့်ပေးရာတွင် များစွာ နှောင့်နှေးကြန့်ကြာမှုများ အကောင့်အလို ရှိသူများ အဖို့လဲ မိမိတို့က အမြန်ဆုံး ဝင်ရောက် ဆွေးနွေး ပျော်ရွင်စွာ စကားပြောလိုသော်လဲ အကောင့် လုပ်ခြင်း ပြီးစီးကြောင်း မေးလ် ပြန်မလာသဖြင့် ထိုင်ကြည့်နေရခြင်း များဖြစ်ပွားနေပါသဖြင့် သေချာစွာ လိုအပ်သည်များကို ဖြည့်ပြီးမှ submit လုပ်ကြပါရန် လေးစားစွာ ပန်ကြားအပ် ပါသည်..။
Myanmar Manchester Fan Club စီဘောက်စ်တွင် စကားပြောလိုသော မန်ဘာများ အနေဖြင့် ရှေးဦးစွာ ဤနေရာတွင် ရီဂျစ်စတာ လုပ်ရပါမည်..။
ဤသို့ ပြုလုပ်ရခြင်းမှာလည်း စီဘောက် အတွင်း ဖန်များအနေဖြင့် အခြား မလိုမုန်းထား သူများမှ ဝင်ရောက် ရိုင်းပြစော်ကား ခြင်း မခံရစေရန် ဖြစ်သည့် အတွက် မန်ဘာများအနေဖြင့် နားလည်မှု ရှိစွာ ပူးပေါင်း ဆောင်ရွက်ကြစေလိုပါသည်..။
ရီဂျစ်စတာ ပြုလုပ်ပုံ အဆင့်ဆင့်
၁။Name နေရာတွင် ဤဆိုဒ်အတွင်းသို့ login ဝင်သော အမည်ကို ဖြည့်ပေးရပါမည်..(Nick Name) မဟုတ်ပါ(User Name)ကို ဖြည့်ပေးပါ.။
၂။Email လိပ်စာနေရာတွင်လဲ ထို့အတူ ဤဆိုဒ်တွင် မန်ဘာဝင်ထားသော အီးမေလ်းကို ဖြည့်ပေးပါ.။
(ယှူဆာ အမည်နှင့် အီးမေးလ် လိပ်စာကို တိုက်ကြည့်ပြီး မှန်ကန်မှသာ Cbox အကောင့် ဖွင့်ပေးမည် ဖြစ်ပါသည်..။
၃။Subject:နေရာတွင် Cbox New Account ။ သို့မဟုတ် ပက်စ်ဝပ် မေ့သွားသူများအနေနှင့် Forget password ဟု ဖြည့်ပေးပါ.။
၎။Message နေရာတွင် မိမိ Cbox တွင် သုံးလိုသော အမည် နှင့် ပက်စ်ဝပ်ကို ဖြည့်ပေးပါ.။
ဥပမာ
အမည်= xxxxxxx
ပက်စ်ဝပ်=xxxxxxxx
၅။ ပြီးလျှင်CAPTCHA Code နေရာတွင် အပေါ်မှ ပုံတွင် ပြထားသော ဂဏန်းနှင့် အက္ခရာ ၄ လုံးကို မှန်ကန်စွာ ဖြည့်ပြီး Submit ခလုတ်ကို နှိပ်ပေးခြင်းဖြင့် အကောင့် ရီဂျစ်စတာ လုပ်ခြင်း ပြီးဆုံးပါပြီ.။
ကျွန်တော်တို့ အဒ်မင် အဖွဲ့မှ စီစစ်ပြီးလျှင် အကောင့်သုံး၍ ရပြီဖြစ်ကြောင်း မေးလ်ပို့အကြောင်းကြားပေး ပါမည်.။
C.box အကောင့်လုပ်ရန်
Powered by Fast Secure Contact Form